နေပြည်တော် ဧပြီ ၂၄
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ဘုရားစေတီ၊ ဘာသာရေးအဆောက်အအုံများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူ များအား ကူညီထောက်ပံ့ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဆန်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ငလျင်ဒဏ်သင့်ဒေသခံ တိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ငလျင်ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို လည်း ကောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ငလျင်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသည့် အလှူငွေကျပ် သိန်း ၁၀၀၀ ကို ပေးအပ် လှူဒါန်းရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူပြီး ပြည်နယ် ဝန်ကြီးချုပ်က ငလျင်ဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများသည် ပင်းတယမြို့ မြောက်ကျောင်းကြီးဘုရားတိုက်နှင့် စေတီကြီးကျောင်းတိုက်များသို့ သွားရောက်၍ ကျောင်းတိုက် များအတွင်း၌ ငလျင်ဒဏ်ကြောင့်ပျက်စီးမှုများကို ကြည့်ရှုကြပြီး ကျောင်းတိုက်ဆရာတော်များအား ဖူးမြော်ကာ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်