ဓနုဖြူ      ၁၆    နိုဝင်ဘာ         

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ပံ့ပိုးမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပသော ဓနုဖြူမြို့ ကလေးစာပေပွဲတော်ကို နိုဝင်ဘာ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပရာ ယနေ့ ကလေးစာပေပွဲတော်(ဒုတိယ) နေ့တွင် ပြခန်းများ၌ လာရောက်လေ့လာကြည့်ရှုသူများ ပိုမိုများပြလျက်ရှိသည်။

အဆိုပါ ပြခန်းများမှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းမှ  ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ၊ အောင်မြင်စွာ ဆောင်ရွက်ခဲ့သော လုပ်ငန်းမှတ်တမ်း ဓာတ်ပုံများ၊ လုပ်ငန်းစီမံကိန်းများနှင့် မီးသတ်ဦးစီးဌာနမှ သဘာဝဘေး၊ မီးဘေးကြုံတွေ့လာလျှင် ကယ်ဆယ်ရေးပစ္စည်းများ၊ အသိပညာပေး နံရံကပ်စာစောင်များအား ပြသထားရာ လူအများ စိတ်ဝင်စားလျက်ရှိကြောင်း သိသည်။

ဝဠာနိုင်(ညောင်တုန်း)