ဓနုဖြူ   ၉  ဇွန်


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီးအား ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး စစ်ဆေးခြင်းကို ဇွန်လ ၉ရက်နေ့ နံနက် ၁၀နာရီက ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီး ပြန်လည်ဖွင့်လှစ်နိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထက်ဝေဖြိုး