ဓနုဖြူ ၃၁ ဇန်နဝါရီ
နှစ်ပေါင်း ၁၀ဝ ကျော်သက်တမ်းရှိသည့် ဓနုဖြူမြို့၏ သမိုင်းဝင် ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး ပရဝုဏ်အတွင်းရှိ ပိဋိကတ်သုံးပုံ ကျောက်စာတိုက်ကြီး၏အဝင် သံတန်ဆောင်းတော်ကြီးမှာ အမိုးများ ပျက်စီးလာသည့်အတွက် အမိုးများအား ရှေးမူမပျက်စေရန် ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အဝင်သံတန်ဆောင်းတော်ကြီးမှာ ပေ ၇၅၀ ရှည်ပြီး သံထည်ကြီးဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုအခါ ပြည်လုံးချမ်းသားစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့မှ ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း၊ အမိုးများပြုပြင်ရန်အတွက် အလှူရှင်များလိုအပ်လျက်ရှိကြောင်း သိရသည်။
သံတန်ဆောင်းတော်ကြီးအား ပြုပြင်ရန်အတွက် ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ ဝ၉၇၆၀၅၀၆၁၀၅ ဦးချစ်စိန်၊ ဝ၉၇၉၃၃၇၃၂၉၀ ဦးသိန်းလွင်၊ ဝ၉၂၅၀၇၄၆၂၄၀ ဦးလှဝင်း တို့ထံဆက်သွယ်၍ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
အောင်သူဟိဏ်း(ဓနုဖြူ)
