ဓနုဖြူ   ၅  ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် တိုင်းရင်းဆေးဝါးကြီးကြပ်ကော်မတီမှ အများပြည်သူ သုံးစွဲရန် မသင့်သော တိုင်းရင်းဆေးများအား ဈေးကွက်အတွင်းရောင်းချမှု ရှိ/မရှိကို ယနေ့ နံနက် ၉ နာရီက ဓနုဖြူမြို့ရှိ တိုင်ရင်းဆေးအရောင်းဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

mdn

 

ထိုသို့ စစ်ဆေးရာတွင် မြို့နယ် တိုင်းရင်းဆေးဝါးကြီးကြပ်ကော်မတီမှ တာဝန်ရှိသူများက မြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် တိုင်းရင်းဆေးဆိုင်များတွင် အများပြည်သူသုံးစွဲရန်မသင့်သော အသိပေးနှိုးဆော်ထားသည့် ဆေးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ ဆေးဝါးမှတ်ပုံတင် မရှိသည့် ဆေးဝါးများ၊ သုံးစွဲရန်မသင့်သောဆေးဝါးများ ဝယ်ယူတင်သွင်းဖြန့်ချိ ရောင်းချမှု မရှိစေရေး လိုက်လံစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိ ပါက အရေးယူအပြစ်ပေးခံရနိုင်သည့် အခြေအနေများကို အသိပညာပေး ဆွေးနွေးပြောကြားခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထက်ဝေဖြိုး