ဓနုဖြူ  ၁၄  အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ်တွင်းရှိ တိုင်ရင်းဆေး အရောင်းဆိုင်များတွင် သုံးစွဲရန် မသင့်သော တိုင်းရင်းဆေးများအား ဈေးကွက်အတွင်းရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ကွင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စာသုံးသူရေးရာဦးစီးဌာန၊ မြိုနယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ဈေးကော်မတီတို့ပူးပေါင်း၍ မြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် တိုင်းရင်းဆေးဆိုင်များတွင် ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသည့် ကိုဗစ်နိုင် ဆေးလျှက်ဆား (KOBITNAI MEDICAL SALT)နှင့် အများပြည်သူ သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးများ၊ သက်တမ်းလွန် ဆေးဝါးများ၊ ဆေးဝါးအတုများ၊ ဆေးဝါးမှတ်ပုံတင်မရှိသည့် ဆေးဝါးများဝယ်ယူ တင်သွင်းဖြန့်ချိရောင်းချမှုမရှိစေရေး လိုက်လံစစ်ဆေးပြီး စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဉပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထက်ဝေဖြိုး(ပြန်ဆက်)

 

mdn