ဓနုဖြူ   ၄  ဖေဖော်ဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို စာစီစာကုံးပြိုင်ပွဲကို  ယနေ့ နံနက် ၁၀နာရီက ကျင်းပခဲ့သည်။

 

5

 

 

ရှေ့ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန စာကြည့်တိုက်လက်ထောက်-၃မှ ပြည်ထောင်စုနေ့ ဖြစ်ပေါ် လာပုံနှင့် ပြည့်ထောင်စုစိတ်ဓာတ်နိုးကြားရှင်သန်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲအား စတင်ယှဉ်ပြိုင်ခဲ့သည်။

 

5

 

 

အဆိုပါပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၂၆) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

 

 

ထက်ဝေဖြိုး