ဓနုဖြူ စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် တောင်သူများအား ၂၀၂၁ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိသည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် ၂၀၂၀ မိုးနှင့်အချိန်စေ့လွန် ကြွေးကျန်ကျေသော တောင်သူများအား ၂၀၂၁-ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှစ၍ ၂၀၂၁ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို စပါး(၁)ဧကလျှင် ကျပ်တစ်သိန်းငါးသောင်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)