ဓနုဖြူ ၃ သြဂုတ်
ဓနုဖြူမြို့နယ်၊ ကမ်းငူကြီးကျေးရွာအုပ်စု၊ ရွှေဇင်ကျွန်းကျေးရွာတွင် ယမန်နေ့ ညနေ ၃ နာရီခန့်က မြစ်ကမ်းပါး ထပ်မံပြိုကျမှုဖြစ်ပွားခဲ့သည်။
အဆိုပါမြစ်ကမ်းပါးသည် အလျား ၆၀ ပေ၊ အနံ ၃၅ ပေခန့် ထပ်မံပြိုကျမှုကြောင့် လူနေအိမ် ၁၂ လုံး အရေးပေါ်ပြောင်းရွေ့ရေးအတွက် ဖျက်သိမ်းခဲ့ရသည်။ နေအိမ် ၁၂ လုံးရှိ မိသားစုဝင်များအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ခေတ္တနေထိုင်ရေးအတွက် ယာယီနေရာချထားပေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အောင်သူဟိဏ်း(ဓနုဖြူ)


