ဓနုဖြူ ၁၇ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉ နာရီက ဓနုဖြူမြို့နယ်အတွင်းရှိ တိုက်နယ်ရှစ်ခုတွင် ဆင့်ပွားသင်တန်း ပေးလျက်ရှိသည်။
သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ရွေးကောက်ပွဲဥပဒေများ၊ နည်းဥပဒေများကို နားလည်သဘောပေါက်ရန်အတွက် မြို့မတိုက်နယ်၊ ကျောင်းစုတိုက်နယ်၊ အကျော်တိုက်နယ်၊ အလမျိုးတိုက်နယ်၊ ကျုံတနီးတိုက်နယ်၊ ဆကာကြီး တိုက်နယ်၊ စံကင်းတိုက်နယ်၊ သပြုကျေးတိုက်နယ် စသည့် တိုက်နယ်ရှစ်ခုရှိ ကော်မရှင်အဖွဲ့ခွဲဝင်များအား ဆင့်ပွားသင်တန်း ပေးလျက်ရှိကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)


