ဓနုဖြူ ၁၄ မေ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ တော်ဝကျေးရွာ ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်စခန်းသို့ ယမန်နေ့ နံနက်ပိုင်းက ဓနုဖြူမြို့ One For All လူမှုအထောက်အကူပြုအဖွဲ့မှ စေတနာရှင် အလှူရှင်များ လှူဒါန်းထားသော စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများအား သက်ဆိုင်ရာ ကြီးကြပ်အဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် ဓနုဖြူမြို့နယ်၊ တော်ဝကျေးရွာ ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်စခန်းရှိ ပြည်တွင်း၊ ပြည်ပမှ နေရပ်ပြန် ၄၀ အတွက် မြို့နယ်အတွင်းရှိ အလှူရှင်များ လှူဒါန်းထားသောငွေဖြင့် အင်္ကျီအထည် ၂၀၊ ဆန် ၈ အိတ်၊ ဆီ ၁၀ ပိသာ၊ ကြက်သွန်နီ ၂၈ ပိသာ၊ ရေသန့်ဘူးကဒ် ၃၀၊ အချိုရည် ၁၄၄ ဘူး၊ လ္ဘက်ခြောက် တစ်ပိသာ၊ ဒီဇယ်ဆီဂါလံ ၂၀နှင့် အင်ဂျင်ဝိုင် နှစ်လီတာ တို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး (ပြန်/ဆက်)


