ဓနုဖြူ   ၂၃  ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်တွင် ၂၀၁၉ ခုနှစ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဓနုဖြူမြို့ရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။

 

2

 

အဆိုပါ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ဌာနပေါင်းစုံမှ အသင်း ၁၃ သင်း ပါဝင်ယှဉ်ပြိုင်ကစားမည် ဖြစ်ပြီး ဒီဇင်ဘာ ၂၃ ရက်မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။

 

6

 

အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ခြင်းလုံးဝါသနာရှင်များ တက်ရောက်ခဲ့ကြပြီး အဖွင့်ပွဲစဉ် ယှဉ်ပြိုင်မှုများအား ကြည့်ရှု့အားပေးခဲ့သည်။

 

8

 

ထက်ဝေဖြိုး