ဓနုဖြူ ၈ ဇန်နဝါရီ
ဓနုဖြူမြို့နယ်၊ ကုန်းတန်းမြောက်ကျေးရွာအုပ်စု ယကွင်းဆက် ကျေးရွာတွင် "ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်" ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအား ဇန်နဝါရီ ၇ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ဓနုဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးမှ အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဓနုဖြူမြို့နယ်၊ ကုန်းတန်းမြောက် ကျေးရွာအုပ်စု၊ ယကွင်းဆက် ကျေးရွာမှ ကျေးရွာသူ ကျေးရွာသားများအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်မှ အသိအမှတ်ပြုပေးအပ်သော "ဂုဏ်ပြုမှတ်တမ်းလွှာ"အား ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု ကော်မတီထံသို့ လည်းကောင်း၊ ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးမှ ဓနုဖြူမြို့နယ်ကျေးလက်ဦးစီးဌာနမှ ဝန်ထမ်းများသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးလက်ရေရှိရေး၊ ပတ်ဝန်းကျင်သန့် ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ မဟာဗျူဟာ ရည်မှန်းချက်များ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင် ရည်မှန်းချက်များနှင့်အညီ "ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်"အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်သူဟိဏ်း(ဓနုဖြူ)
