ဓနုဖြူ        မတ်      ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် မတ် ၂၆ ရက် နံနက်ပိုင်းက ရေလဲချောင်းဖျားကျေးရွာတွင် ကွန်ကရစ်လမ်းဖွင့်ပွဲ ကျင်းပခဲ့သည်။

အဆိုပါ ကွန်ကရစ်လမ်းအား မြို့နယ်ကျေးလက်လမ်း ဖွံဖြိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ရန်ပုံငွေဖြင့် ပျော်ဘွယ်သားကုမ္ပဏီမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းအရှည်(၀/၅.၇၃၄)မိုင်၊ အကျယ် ၁၂ ပေ၊ အထူ ၇ လက်မရှိသည်။ ကွန်ကရစ်လမ်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး အောင်ချိုဦးနှင့် ခရိုင်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်မင်းထွန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အေးအေးအောင်(ပြန်/ဆက်)