ဓနုဖြူ ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်စွာလွင် ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမကြီးများ စုစုပေါင်း ၆၃ ဦး ပါဝင်သည့် အဖွဲ့သည် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဓနုဖြူမြို့နယ် ဆကာကြီးတိုက်နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆကာကြီးတိုက်နယ် ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အထွေထွေရောဂါ ၂၀၂ ဦး၊ ခွဲစိတ်ရောဂါ ၆၄ ဦး၊ ကလေးရောဂါ ၃၇ ဦး၊ အကြောအဆစ်ရောဂါ ၁၂၈ ဦး၊ မျက်စိရောဂါ ၂၁၄ ဦး၊ သွားနှင့် ခံတွင်းရောဂါ ၅၈ ဦး၊ သားဖွား မီးယပ်ရောဂါ ၃၅ ဦး၊ စိတ်ကျန်းမာရေး ၁၉ ဦး၊ အာထရာဆောင်းရိုက်လူနာ ၁၈ ဦး၊ ဓာတ်မှန်ရိုက် လူနာ ၂၆ ဦး၊ အရိုးရောဂါ ၁၃၁ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၆၄ ဦးတို့အား ရောဂါရှာဖွေစမ်းသပ်စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)


