နေပြည်တော် ၆ မတ်
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်တွင် မတ်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်က ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းပါးအနီး နေထိုင်သော မရမ်းချောင်း ကျေးရွာမှ အိမ်ထောင်စု ၁၁ စု၊ လူဦးရေ ၄၄ ဦး (ကျား ၁၈၊ မ ၂၆)တို့မှာ နေအိမ်များအား ဖျက်သိမ်း၍ ကျေးရွာအတွင်းရှိ မြေကွက်လပ်သို့ ရွှေ့ပြောင်း နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား


