ဓနုဖြူ ၂၈ ဇန်နဝါရီ
ဓနုဖြူမြို့နယ်၊ အကျော်ကျေးရွာအုပ်စုအတွင်းရှိ ရေလုပ်သားများအား ငါလုပ်ငန်းဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၂၇ ရက်က နံနက်ပိုင်းက အကျော်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက ရေချိုငါးလုပ်ငန်းဥပဒေ၊ တားမြစ်ချက် များ၊ ရေလုပ်သားများ ငါးသယံဇာတ ထိန်းသိမ်းခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကြယ်နီရေလုပ်သား အစုအဖွဲ့မှ ဆောင်ရွက်ထားသော ငါးသယံဇာတ ထိန်းသိမ်းရေးနယ်မြေ(၂)တွင် ငါးတည်ရှိမူကို တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု့ခဲ့ကြသည်။

အဆိုပါ ငါးလုပ်ငန်းဥပဒေ အသိပညာပေး ဟောပြောပွဲကို ရေချိုငါးလုပ်ငန်းဥပဒေကို သိရှိစေရန်နှင့် ငါးသယံဇာတ ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ပြလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အောင်သူဟိဏ်း(ဓနုဖြူ)