ဓနုဖြူ  ၂၆  အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် မဲရုံးသုံးပစ္စည်းများကို ရပ်ကွက်/ ကျေးရွာ အုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ယနေ့ နံနက်ပိုင်းက ထုတ်ပေးကြောင်း သိရသည်။

 

ထိုသို့ မဲရုံသုံးပစ္စည်းများကို ထုတ်ပေးရာတွင်မဲရုံ၌ အသုံးပြုမည့် မဲပုံး၊ ဆန္ဒပြုခန်း၊ ခြင်းတောင်း၊ ချိပ်ထိုးတံဆိပ်တုံး၊ ဆန္ဒပြုတံဆိပ်တုံးများ၊ လုံခြုံရေးကြိုးများ၊ ဆာလာအိတ်များ၊ စတစ်ကာများနှင့် မဲရုံတွင်အသုံးပြုရမည့်ပုံစံများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

ဓနုဖြူမြိုနယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၈၁)အုပ်စု၌ မဲရုံပေါင်း(၁၆၄)ရုံရှိပြီး မဲဆန္ဒရှင်ဦးရေ (၁၄၅၇၂၅)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

 

ထက်ဝေဖြိုး(ပြန်ဆက်)