ဓနုဖြူ ၁၉ ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်တွင် မအူပင်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ ပူးပေါင်း၍ ဇန်နဝါရီ ၁၈ ရက်က  ဓနုဖြူမြို့ မိုးလုံလေလုံ အားကစားခန်းမ၌ ယာဉ်လိုင်စင်သက်တမ်းတိုးခြင်း၊ ယာဉ်မောင်းလိုင်စင် ပြုလုပ်ပေးခြင်း၊ သက်တမ်းတိုးပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ဓနုဖြူမြို့နယ်အတွင်းရှိ ပြည်သူများ၏ ယာဉ်လိုင်စင် သက်တမ်းတိုးခြင်းနှင့် ယာဉ်မောင်းလိုင်စင် ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းကို မအူပင်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစံသိန်းဦးနှင့် သက်ဆိုင်ရာ တာဝန်ရှိပူးပေါင်းအဖွဲ့တို့မှ ကွင်းဆင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ယခုကဲ့သို့ ယာဉ်နှင့် ယဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ခရိုင်အတွင်းရှိ မြို့နယ်များသို့ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထက်ဝေဖြိုး