ဓနုဖြူ ဒီဇင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ လှည်းဆိပ်ကျေးရွာရှိ မြတ်သုခကျော် အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၅ ရက် နံနက် ၁၀ နာရီ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ မအူပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူးနှင့် အောက်ဆီဂျင်စက်ရုံပိုင်ရှင် ဦးအေးကြူတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ဝန်ကြီးချုပ်က မြတ်သုခကျော် အောက်ဆီဂျင်စက်ရုံအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး စက်ရုံပိုင်ရှင် ဦးအေးကြူမှ အထိမ်းအမှတ်အလံများ ပေးအပ်ကာ ဝန်ကြီးချုပ်၊ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး၊ ဓနုဖြူမြို့နယ် အုပ်ချုပ်ရေးမှူးတို့မှ လက်ခံခဲ့သည်။ 

ဆက်လက်၍ ဝန်ကြီးချုပ်က မြတ်သုခကျော် အောက်ဆီဂျင်စက်ရုံ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးပြီး အောက်ဆီဂျင်စက်ရုံအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

အဆိုပါ မြတ်သုခကျော် အောက်ဆီဂျင်စက်ရုံမှ တစ်ရက်လျှင် (၄၀)လီတာ အောက်ဆီဂျင်အိုး (၃၀၀) ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)