ဓနုဖြူ ၃ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုအားကစား ပြိုင်ပွဲများ ကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ခင်မေစိုးက လွတ်လပ်ရေး နေ့ ဖြစ်ပေါ်လာပုံနှင့် လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့ကြသည့် အာဇာနည် ခေါင်းဆောင်ကြီးများ အကြောင်း ပြောကြားပြီးနောက် အားကစားပြိုင်ပွဲများကို ကျင်းပခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၅၂) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ်စာရေးဆရာအသင်းနှင့် အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပြီး ဆုရရှိသည့် ကလေးငယ်များကို တာဝန်ရှိသူများက ဆုလက်ဆောင်များ အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး