ဓနုဖြူ နိုဝင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့က  မြို့နယ်ပြည်သူ့ဆေးရုံတွင် ထိုးနှံပေး လျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ဓနုဖြူမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား မြို့မတိုက်နယ်၊ အကျော်တိုက်နယ်၊ ကျုံတနီးတိုက်နယ်၊ သပြုတိုက်နယ်၊ ကျောင်းစုတိုက်နယ်၊ စံကင်းတိုက်နယ်၊ ဆကာကြီးတိုက်နယ်၊ စုစုပေါင်း တိုက်နယ်(၇)ခုခွဲ၍ ထိုးနှံပေးလျက်ရှိသည်။ ယမန်နေ့က ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသော အသက်(၁၈)နှစ် အထက်ပြည်သူ (၁၂၃၀) ကာကွယ်ဆေး လာရောက်ထိုးနှံလျှက်ရှိပြီး (၁၁.၁၁.၂၀၂၁)ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူစုစုပေါင်း(၄၉၉၀၄)ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)