ဓနုဖြူ ၁၆ ဖေဖော်ဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယား ရာသီဉတုပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သော စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်း၊ စီမံကိန်းအကောင်ထည်ဖော်မည့်သူများအား မီးဖိုပေးအပ်ပွဲကို အင်္ဂလာကျေးရွာအုပ်စု၊ အင်္ဂလာကျေးရွာတွင် ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်က စီမံကိန်းလုပ်ငန်းအကြောင်းနှင့် မီးဖိုသုံးစွဲနည်းများအား ရှင်းလင်းပြောကြား၍ စွမ်းအားမြှင့်မီးဖိုများ ပေးအပ်ခဲ့သည်။

 

ယခုကဲ့သို့ စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းကို ဓနုဖြူမြို့နယ်တွင် ပထမအကြိမ်အဖြစ် အလုံးပေါင်း ၉၀၀၀ ကျော် ဖြန့်ဖြူးပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထက်ဝေဖြိုး

 

;[[p