ဓနုဖြူ  ၊ ၂၇ ဇန်နဝါရီ 

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဥ်စီမံခန့်ခွဲမှုဥပဒေ အနှစ်ချုပ် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဇန်နဝါရီ  ၂၇ရက် နံနက် ၈ နာရီက ဓနုဖြူမြို့အဝင်ဂိတ်တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်ရဲတပ်ဖွဲ့ မြို့မရဲစခန်းမှူး ဒုတိယရဲမှူးအောင်ဌေးနှင့် တပ်ဖွဲ့ဝင်များမှ မြို့နယ်အတွင်းရှိ အများပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေကို သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)