ဓနုဖြူ ၂၀ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် နေ့စဉ်နှင့်အမျှ ပြည်သူများစားသုံးနေသည့် ငါးများ မပြုန်းတီးစေရေးနှင့် ငါးသယံဇာတပြန့်ပွားရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ဓနုဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက အကျော်ချောင်းမကြီး သဘာဝရေပြင်တွင် ယနေ့နံနက် ၈ နာရီက ကျင်းပသည်။
ငါးမျိုးစိုက်ထည့်ရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်း၊ မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ အင်သားကြီးများနှင့် ရေလုပ်သားများက ငါးမြစ်ချင်းငါးသားပေါက် ကောင်ရေ ၆၀၀၀ဝ၊ ငါးခုံးမကြီးငါးသားပေါက်ကောင်ရေ ၃၀၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၉၀၀၀၀ အား အကျော်ချောင်းမကြီးသဘာဝရေပြင်နှင့် ကြေးတိုင်ရ ညောင်ချောင်းဝ အင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)


