ဓနုဖြူ ၂၈ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ အာယုဒါန ကျန်းမာရေး စောင့်ရှောက်မှုအသင်း၏ ဦးစီးဆောင်ရွက်မှုဖြင့် ဓနုဖြူမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား ယနေ့မွန်းလွဲ ၂ နာရီက စတင်၍ ဓနုဖြူမြို့၊ အမှတ် ( ၇ ) ရပ်ကွက်၊ ဈေးပိုင်းဓမ္မာရုံ၌ အခမဲ့စမ်းသပ် ကုသပေးခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်အာယုဒါန ကျန်းမာရေး စောင့်ရှောက်မှုအသင်း၏ ဦးစီးဆောင်ရွက်မှုဖြင့် အခမဲ့ စမ်းသပ် ကုသပေးခြင်းဖြစ်ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် ကုသပေးခြင်းဖြစ်ကာ မျက်စိဝေဒနာရှင်များအား ကုသပေးရာတွင် မျက်စိအထူးကုဆရာဝန်ကြီးများနှင့် စမ်းသပ်ကုသပေး၍ မျက်စိဝေဒနာရှင် (၂၀၀) ကျော်ခွဲစိတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ကုသပေးခြင်းကို ဖေဖော်ဝါရီ ၂၈ရက်မှ မတ်လ ၂ ရက်အထိ အခမဲ့စမ်းသပ် ကုသပေးသွားမည်ဖြစ်သည်။
ထက်ဝေဖြိုး


