ဓနုဖြူ   ၁၇   ဖေဖော်ဝါရီ 

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံဂဟေဆက်ခြင်း သင်တန်း (/၂၀၂၀)ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၁၀ နာရီက ရိုးကြီးကျေးရွာရှိ ရွှေဘုံသာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးဌေးမောင်က အဖွင့်အမှာစကား ပြောကြားပြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ချိုလွင် က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဟင်္သာတမြို့အစိုးရ နည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးဌေးမြင့်က သံဂဟေဆက်နည်း သင်တန်းသားများအနေဖြင့်သင်တန်း၏ စည်းကမ်းများကိုလိုက်နာရန် လိုကြောင်းနှင့် သင်တန်းပြီးမြောက်ပါကရရှိမည့် အကျိုးကျေးဇူးများကို ပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းကို စာတွေ့၊ လက်တွေ့  (၁၅) ရက်ကြာ အခမဲ့ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား စုစုပေါင်း (၂၀) ဦး တက်ရောက်ကြောင်း သိရသည်။

 

ထက်ဝေဖြိုး