ဓနုဖြူ  ၁၈  ဖေဖော်ဝါရီ 

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံဂဟေ ဆက်ခြင်း သင်တန်း (၁/၂၀၂၀)ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၁၀ နာရီက ရိုးကြီးကျေးရွာရှိ ရွှေဘုံသာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

542.

 

ရှေးဦးစွာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးဌေးမောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်ခိုင်ချိုလွင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဟင်္သာတမြို့အစိုးရ နည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဌေးမြင့်က သံဂဟေဆက် သင်တန်းသားများအနေဖြင့် သင်တန်း၏ စည်းကမ်းများကိုလိုက်နာရန် လိုကြောင်းနှင့် သင်တန်းပြီး မြောက်ပါက ရရှိမည့်အကျိုးကျေးဇူးများကို ပြောကြားခဲ့သည်။

 

741

 

အဆိုပါ သင်တန်းကို စာတွေ့၊ လက်တွေ့  (၁၅) ရက်ကြာ အခမဲ့ သင်ကြားပေးမည်ဖြစ်ပြီး စုစုပေါင်း  သင်တန်းသား (၂၀) တက်ရောက်ကြောင်း သိရသည်။

 

ထက်ဝေဖြိုး