ဓနုဖြူ  ၁၂ မတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင်ထိမ်းသိမ်းနည်း သင်တန်း (၁/၂၀၂၀)သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ရေပေါက်ကျေးရွာအုပ်စု၊ သိမ်းကုန်းကြီးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

mdn

 

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန  ဦးစီးအရာရှိဒေါ်ခိုင်ချိုလွင်က အမှာစကား ပြောကြားပြီး စက်မှုလယ်ယာဦးစီးဌာန ဦးစီးမှူး ဦးဇာနည်အောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်ကျော်မြင့်က သင်တန်းသားများအနေဖြင့် သင်တန်းပြီးမြောက်ပါက ရရှိမည့် အကျိုးကျေးဇူးများကို ပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းကို မတ် ၁၁ရက် မှ  ၃၀ရက်အထိ စာတွေ့၊ လက်တွေ့  အခမဲ့ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား စုစုပေါင်း (၂၇) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

 

ထက်ဝေဖြိုး