ဓနုဖြူ၊ ၁  ဒီဇင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ (၃)လမ်းတွင် ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။

 

a1

 

ဖြစ်စဉ်မှာ ဓနုဖြူမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ (၃)လမ်းရှိ အိမ်ငှားဖြစ်သူ ဦးရဲလင်းနိုင် နေထိုင်သည့် နေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် ဝါးထရံသို့ မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် သွပ်မိုး၊ ဝါးထံရံ/ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ် တစ်လုံးနှင့် မီးကူးစက်ခံရသော ဦးအောင်သန်း၏ (၁၀×၃၀)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံး စုစုပေါင်း နေအိမ် နှစ်လုံး မီးလောင်ကျွမ်းခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနောင်နောင် ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍  မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ မီးသတ်ရေသယ်ယာဉ် နှစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ  ၂၀ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)