ဓနုဖြူ ၅ မေ
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့တွင် ကိုဗစ်- ၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ မြို့မဈေးပြင်ပနေရာများတွင် ဈေးများတည်ခင်းရောင်းချနေမှုအား စည်းကမ်းနှင့်အညီ ဖြစ်စေရန် ယနေ့ နံနက် ၇ နာရီက ကွင်းဆင်းခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့မဈေး ပြင်ပနေရာများတွင် စည်းကမ်းနှင့်အညီဈေးရောင်းချနိုင်ရန်၊ ယာယီဈေးတွင် ပြောင်းရွှေ့ ရောင်းချနေရသည့် လက်လုပ်လက်စား ကုန်စိမ်းဈေးသည်များ ထိခိုက်နစ်နာမှု မရှိစေရန်အတွက် ဓနုဖြူမြို့ မြို့မဈေး ပတ်ဝန်းကျင်ဖြစ်သည့် အမှတ် (၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉)ရပ်ကွက်များအတွင်း ခွင့်ပြုချက်မရှိဘဲ ကုန်စိမ်းရောင်းချသည့် ဈေးသည်များအား နံနက် (၁၀)နာရီ အထိ ကုန်စိမ်းလုံးဝ ရောင်းချမှုမပြုရန်နှင့် ယာယီဈေး အဖြစ် သတ်မှတ်ထားသည့် ပြည်သူ့အားကစားကွင်းတွင်သာ ယာယီရောင်းချရန် ကြပ်မတ်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး


