ဓနုဖြူ ၂၁ မေ
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ နေအိမ်ပြင်ပသို့ နှာခေါင်းစည်း (mask) မတပ်ဆင်ဘဲ သွားလာကြသူများအား မေလ ၂၁ ရက် နံနက်ပိုင်းမှ စတင်၍ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာကြသူများအားလုံး နှာခေါင်းစည်း(mask)များ စနစ်တကျ တပ်ဆင်ခြင်းမရှိပါက နှာခေါင်းစည်း (mask) သုံးခုလျှင် ငွေကျပ်(၃၀ဝ၀)နှုန်း "ယခုဝယ် ယခုတပ်" စနစ်ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထက်ဝေဖြိုး


