ဓနုဖြူ ၂၆ မတ်
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မူဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ကျေးလက်နေပြည်သူများ အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု လူသုံးကုန်နှင့် အလှကုန် ပစ္စည်းထုတ်လုပ်မှု သင်တန်းဆင်းပွဲအား မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ မတ် ၂၅ ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှမှ အဖွင့်အမှာစကား ပြောကြားပေးပြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးနိုင်ထူးနှင့် မအူပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းလင်းထွန်း တို့က သင်တန်းနှင့် ပတ်သက်သည်များအား ရှင်းလင်း ပြောကြား ပေးခဲ့သည်။
ယင်းနောက် ပြည်သူ့လွှတ်ကိုယ်စားလှယ် ဦးတင်လှက သင်တန်းသား သင်တန်းသူများအား သင်တန်းနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ပြီး သင်တန်းသူ သင်တန်းသားများ ထုတ်လုပ်ထားသည့် လူသုံးကုန်ပစ္စည်း မျိုးစုံနှင့် အလှကုန်ပစ္စည်းများအား တာဝန်ရှိသူများမှ ကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်သူဟိဏ်း(ဓနုဖြူ)


