ဓနုဖြူ ၂၅ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ တင်းကုတ်စုကျေးရွာတွင် ဇူလိုင် ၂၄ ရက် ည ၁၁ နာရီခွဲခန့်က နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တင်းကုတ်စုကျေးရွာနေ ဇော်မင်းလွင်၏ နေအိမ် မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် ကာထားသည့် ထရံသို့ မီးကူးစက်လောင်ကျွမ်းရာမှ နေအိမ်သို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးတား ကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းငြိမ်းသက်ခဲ့ပြီး ၁၂ နာရီခွဲခန့်တွင် မီးငြှိမ်းနိုင်ခဲ့သည်။
မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိဘဲ မီးပေါ့ဆစွာ သုံးစွဲသူ ဇော်မင်းလွင်အား အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
အောင်သူဟိဏ်း(ဓနုဖြူ)