ဆော ၆  ဒီဇင်ဘာ

 

ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးနှင့် လမ်းလျှောက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက် ၆ နာရီတွင် ဂန့်ဂေါခရိုင်ခရိုင်၊ ဆောမြို့နယ် လောင်းရှည်(မြို့ဟောင်း)၌ ကျင်းပပြုလုပ်ရာ ဆောမြို့ နယ် အားကစား နှင့်ကာယပညာ ဦးစီးဌာနမှူး ဦးနေမင်းပိုင် ဦးဆောင်၍ လောင်းရှည် အ.ထ.က ကျောင်းသား၊ကျောင်းသူ ၁၀ဝ၀ ကျော် ပါဝင်ဆင်နွှဲကြသည်။

 

8596

 

လူထုစုပေါင်းလမ်းလျှောက်ပွဲကို လောင်းရှည် အ.ထ.ကကျောင်းဝင်းမှ ကျေးရွာပတ်လမ်း တစ်လျှောက် ၁ မိုင်ကျော် စုပေါင်းလမ်းလျှောက်ကြပြီး အ.ထ.က အားကစားကွင်းတွင် ကိုယ်လက်ကြံ့ခိုင်ရေး Myanmar Fitness Dance အက စုပေါင်းလေ့ကျင့်ခန်းများ ပြုလုပ်ကြသည်။

 

14

 

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဦးနေမင်းပိုင်က ကျောင်းသား/သူများ အား အားကစားနှင့် ကျန်းမာရေး ဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး အားကစားပစ္စည်းများ ပေးအပ် လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးအောင်ဝင်းက လက်ခံရယူကြောင်း သိရသည်။

 

ဇော်မျိုးသန့်(ပြန်/ဆက်)