ဘားအံ ဒီဇင်ဘာ ၄
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ဒီဇင်ဘာ အားကစားလှုပ်ရှားမှု လမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်ရှိ သီရိကွင်း၌ ပြုလုပ်သည်။
အားကစားလှုပ်ရှားခြင်းကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ စုပေါင်းဆင်နွှဲခဲ့ကြပြီး Physical Distancing အနေအထားဖြင့် သီရိကွင်းပတ်လမ်းအတိုင်း စုပေါင်းလမ်းလျှောက်ကြကာ အဆိုပါကွင်းရှိ ဒုံးစင်မြင့်ရှေ့၌ အားကစားလှုပ်ရှားခြင်းကို ပါဝင်ဆင်နွဲသူများက တစ်ဦးနှင့် တစ်ဦး ရှေ့၊ နောက်၊ ဘယ်၊ ညာ ၆ ပေအကွာ အနေအထားဖြင့် အကြောလျှော့လေ့ကျင့်ခန်းများ ဆောင်ရွက်ကြပြီး စုပေါင်း ကိုယ်လက်ကြံခိုင်ရေး လေ့ကျင့်ခန်းအစီအစဉ် အတွဲအမှတ်(၁)နှင့် (၂) တို့ကို ဆောင်ရွက်ကြသည်။
အလားတူ အများပြည်သူ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေးအတွက် ဒီဇင်ဘာလ အားကစား လှုပ်ရှားမှုအနေဖြင့် အများပြည်သူဆိုင်ရာနေရာ (Public Area) များတွင် တစ်ဦးတစ်ယောက်ချင်း အလိုက်သော်လည်းကောင်း၊ မိသားစုအလိုက်သော်လည်းကောင်း၊ အစုအဖွဲ့အလိုက်သော် လည်းကောင်း ကိုယ်လက်လှုပ်ရှားမှု အစီအစဉ်များ ဆောင်ရွက်ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)