မော်စကို ၈ ဇွန်

 

မကြာသေးမီက ရုရှားနိုင်ငံ၏ အာတိတ်ဒေသအတွင်းရှိ နိုရီလ်မြို့တွင် ဖြစ်ပွားခဲ့သည့် ဒီဇယ် ယိုဖိတ်မှုဖြစ်စဉ်ကြောင့် ရုရှားနိုင်ငံ၏ အာတိတ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသား အစီအစဉ်နှင့်စပ်လျဉ်း၍ ထိခိုက်မှုရှိလိမ့်မည် မဟုတ်ကြောင်း ရုရှားနိုင်ငံက ယနေ့တွင် ပြောကြားလိုက်သည်။

 

အာတိတ်ဒေသဖွံ့ဖြိုးမှုသည် ရုရှားနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်သည့်အတွက် အဆိုပါဖွံ့ဖြိုးရေးအစီအစဉ်မှာ နိုင်ငံ၏ရည်မှန်းချက်များအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်းလည်း နေ့စဉ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရုရှားနိုင်ငံ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့က ပြောကြားသည်။

 

နိုရီလ်မြို့ရှိ ရုရှားနိုင်ငံ၏သတ္တုတွင်းနှင့် သတ္တုဆိုင်ရာ အကြီးစားကုမ္ပဏီတစ်ခု၏ ကုမ္ပဏီ ခွဲတစ်ခုမှ ဒီဇယ် တန် ၂၀၀၀၀ ခန့် ဒေသတွင်းမြစ်များအတွင်းသို့ ယိုဖိတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်