၁၅ ဇွန်

 

ဒီကနေ့မှစတင်ကာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့တွင် နယ်စပ်ဖြတ်ကျော် ခရီးသွားလာခြင်း ကန့်သတ်မှုများကို ဖယ်ရှားပေးသွားမည်ဖြစ်ပြီး နွေရာသီအားလပ်ရက် ခရီးသွားလုပ်ငန်းများ မြှင့်တင်နိုင်စေရန်အတွက် ရည်ရွယ်ကာ ယခုကဲ့သို့ ကန့်သတ်မှုများကို ဖြေလျှော့ပေးရန် တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားချိန် ပြီးခဲ့သည့် မတ်လကစပြီး နယ်စပ်ဖြတ်ကျော် ခရီးသွားလာခြင်းများကို တားမြစ်ထားခဲ့ခြင်း ဖြစ်သည်။ ပြင်သစ်နိုင်ငံသည် ဥရောပနိုင်ငံများ အားလုံးနီးပါးမှ ခရီးသွားလာခြင်းကို ဒီကနေ့မှစတင်ကာ ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ဂျာမနီနိုင်ငံကလည်း မနက်ဖြန်မှ စတင်ကာ အိမ်နီးချင်းနိုင်ငံများမှ ခရီးသွားသွားလာမှုတားမြစ်ခြင်းများကို ဖယ်ရှားပေးသွားမည်ဖြစ်သည်။ အချို့သော နိုင်ငံများတွင် သတိထားစောင့်ကြည့်မှုများ ပိုမိုလိုအပ်နေဆဲဖြစ်ကာ ဂရိနိုင်ငံအနေဖြင့် ဥရောပ၏ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ဗဟိုချက်နိုင်ငံများဖြစ်သော အီတလီနှင့် စပိန်နိုင်ငံက လာရောက်သူများကို PCR စစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်သည်။

 

Credit#MRTV