ဒီးမော့ဆိုမြို့မဈေးနှင့် စောင့်ကြည့်လူနာများ ထားရှိရန်နေရာများ ပိုးသတ်ဆေးဖျန်း

ဒီးမော့ဆို    ၃၁   မတ်    

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ဒီးမော့ဆိုမြို့မဈေးနှင့် စောင့်ကြည့်လူနာများ ထားရှိရန်နေရာများအား ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဈေးနေ့များတွင် လူစည်ကားလျက်ရှိသော ဒီးမော့ဆိုမြို့မဈေးသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဈေးကော်မတီဝင်များက ဈေးအတွင်းရှိ ဈေးဆိုင်တန်းများအား ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်ပေးပြီး နေရပ်ပြန်သူများ စောင့်ကြပ်ကြည့်ရှုသော အခြေခံပညာ အထက်တန်းကျောင်း (ဒီးမော့ဆို)နှင့် မိုးလုံလေလုံ အားကစားခန်းမ တို့အား ပိုးသတ်ဆေးဖျန်းခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် ဌာနဆိုင်ရာ အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)