ဒီးမော့ဆို  ၁၈   အောက်တိုဘာ

 

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် အကြောင်းမျိုးမျိုးကြောင့် မသန်စွမ်းဖြစ်ပွားခဲ့သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆိုကျေးရွာအုပ်စု ဒေါငံခါး(၂) ရပ်ကွက် ငြိမ်းချမ်းခြင်းဓမ္မာရုံ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ဆိုင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တက်ရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

1

 

ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က ဒီးမော့ဆိုမြို့နယ်တွင် အကြောင်းမျိုးမျိုးကြောင့် မသန်စွမ်းဖြစ်ပွားသူ ၃၅၇ ဦးအား ထောက်ပံ့ငွေ ပေးအပ်သွားမည်ဖြစ်ပြီး ဘဝအတွေ့အကြုံများအရ မသန်သော်လည်း စွမ်းသူများကို အတိုင်းအတာတစ်ခုအထိ ထောက်ပံ့ကူညီဆောင်ရွက်နိုင်အောင် နိုင်ငံတော်မှ စေတနာ၊ မေတ္တာဖြင့် ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များ၊ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအပြင် မသန်စွမ်းသူများအား ထောက်ပံ့ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကယားပြည်နယ်တွင် မသန်စွမ်းသူများနှင့် ပတ်သက်၍ မြေနေရာများ လျာထားဆောင်ရွက်ပြီး အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက် နေပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသော မသန်စွမ်းသူများအား လက်အရောက် ထောက်ပံ့ငွေများ ပေးအပ်ပြီး မသန်စွမ်းသူများက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် က ဒေါငံခါး(၂) ရပ်ကွက် ငြိမ်းချမ်းခြင်းဓမ္မာရုံတွင် လိုအပ်လျက်ရှိသော နှစ်ခန်းတွဲ အိမ်သာ ဆောက်လုပ်နိုင်ရန် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို အုပ်စုအုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့သည်။

 

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲတွင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ မသန်စွမ်းသူ ၃၅၇ ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် သုံးသောင်းဖြင့် စုစုပေါင်းငွေကျပ် ၁၀၇၁၀ဝ၀ဝ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)