ဒီးမော့ဆို  ၃၀ ဇူလိုင်

 

ကယားပြည်နယ်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝကိုအခြေခံ၍ ခရီးသွားလုပ်ငန်းများ ဖော်ဆောင်လျက်ရှိရာ ခရီးသွားစွဲဆောင်မှု နေရာသစ်တစ်ခုဖော်ဆောင်မည့် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ရှိ ခူးပရာကျေးရွာအုပ်စု ခူးပရာကျေးရွာတွင်တည်ရှိသော ခူးပရာတောင်(ရွှေတောင်တန်း)နေရာသို့ ယမန်နေ့က ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိသူများက သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

2222

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများဖြစ်သော လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ခူးပရာတောင် (ရွှေတောင်တန်း) တောင်ကြောတစ်လျှောက် ခရီးသွားစွဲဆောင်မှုနေရာများအား လေ့လာကြည့်ရှုပြီး ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)ဥက္ကဋ္ဌ ဦးထွန်းကျော် က  ခရီးသွားလုပ်ငန်း ဖော်ဆောင်မည့် အစီအမံများအား ရှင်းလင်းတင်ပြသည်။

 

3333

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် က ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ခရီးစဉ်ဒေသသစ်ဖော်ထုတ်ရာတွင် အခက်အခဲများ၊ လိုအပ်ချက်များ ရှိပါက ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများက ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လမ်းညွှန် ပြောကြားခဲ့သည်။

 

4444

 

ခူးပရာတောင်သည် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ခူးပရာကျေးရွာတွင် တည်ရှိပြီး လွိုင်ကော်မြို့မှ (၃၅) မိုင်ခန့်ကွာဝေးပြီး ကား၊ ဆိုင်ကယ်ဖြင့် (၂)နာရီခရီးခန့် မောင်းနှင်ရမည်ဖြစ်ကာ လမ်းခရီးသွားလာရေး အဆင်ပြေပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၅၈၀၀) ကျော်တွင် တည်ရှိပြီး အေးချမ်းသာယာလှပမှုကို အပြည့်အဝ ခံစားနိုင်မည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)