ဒီးမော့ဆို  ၁၁  ဒီဇင်ဘာ           

 

မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ အနီးစပ်ဆုံး မှန်ကန်စွာ ခန့်မှန်းနိုင်ရန်အတွက် ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်းကို ကောက်ယူလျက်ရှိရာ ယနေ့ နံနက်ပိုင်းမှစ၍ ဒီးမော့ဆိုမြို့နယ်တွင် စတင် ကောက်ယူလျက်ရှိကြောင်း သိရသည်။

 

049

 

ထို့သို့ ကောက်ယူရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းနိုင်နှင့် ဝန်ထမ်းများက ကြီးကြပ်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း ကူညီဆောင်ရွက်မှုဖြင့် ဒေသခံစာရင်းစစ် နှစ်ဦး၊ စာရင်းကောက် ခြောက်ဦးအား အဖွဲ့နှစ်ဖွဲ့ဖြင့် ဒီးမော့ဆိုမြို့နယ် မြို့မရပ်ကွက်နှင့် ဒေါဘူးကူးကျေးရွာ တို့တွင် စတင် ကောက်ယူလျက်ရှိသည်။

 

8963

 

ဒီးမော့ဆိုမြို့နယ်တွင် ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်းကို ဒီဇင်ဘာ ၁၁ ရက်မှ ၂၄ ရက်ထိ မြို့မရပ်ကွက် တစ်ကွက်နှင့် ကျေးရွာအုပ်စု ၁၁ အုပ်စု တို့တွင် ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

 

963

 

ရီရယ်(ဒီးမော့ဆို)