ဒီးမော့ဆို  ၁၀   ဒီဇင်ဘာ          

 

သန်းခေါင်စာရင်းကောက်ယူခြင်းဖြင့် လက်ရှိမြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်း အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ အနီးစပ်ဆုံး မှန်ကန်စွာ ခန့်မှန်းနိုင်ရန် အတွက် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

097

 

အဆိုပါ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်ဝင်းနိုင် က ရှင်းလင်းတင်ပြခဲ့သည်။

 

098

 

ဒီးမော့ဆိုမြို့နယ်တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၁၁ ရက်မှ ၂၄ ရက်ထိ မြို့မရပ်ကွက် တစ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၁ အုပ်စု တို့ရှိ ကောက်ကွက် ၁၂ ကွက်တို့၌ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)