ဒီးမော့ဆို  ၁၃  မေ

 

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ မွန်းလွဲ ၂ နာရီက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ် မှုကြောင့် ငွေတောင်ကျေးရွာအုပ်စုရှိ ပါဒေါဒူကျေးရွာတွင် နေအိမ် တစ်လုံးနှင့် ဒေါကလိုးခူကျေးရွာတွင် နေအိမ် တစ်လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

လေပြင်းတိုက်ခတ်မှုကြောင့် ပါဒေါဒူကျေးရွာမှ ဦးဖရန်စစ္စကို၏ နေအိမ်နှင့် ဒေါကလိုးခူကျေးရွာမှ ဒေါ်လောမြာ၏ နေအိမ်တို့မှ အိမ်အမိုးသွပ်များ အမိုးလန်ပျက်စီးခဲ့သည်။

 

အဆိုပါ လေဘေးသင့် အိမ်ထောင်စုများအား ဒီးမော့ဆိုမြို့နယ် မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်စိုးဟန်နှင့် တပ်ဖွဲ့ဝင်များက ကူညီရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)