ဒီးမော့ဆို ၃ ဧပြီ
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာအုပ်စု ဒေါညေးခူကျေးရွာတွင် ဦးကိုရယ်အောင် (၂၉)နှစ် နေအိမ် အလျား(၁၅)ပေ၊ အနံပေ (၂၀)၊ အမြင့်(၂၃)ပေရှိ (သွပ်မိုး၊ အုပ်ညှပ်၊ ပျဉ်ခင်း) နှစ်ထပ်အိမ်သည် ဧပြီ ၂ ရက် ည ၇ နာရီ ၄၅ မိနစ်အချိန်က ဖယောင်းတိုင် မီးထွန်းထားခဲ့ရာမှ အိပ်ရာပေါ်သို့ လဲကျ၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှု ဖြစ်ပွားရာသို့ လွိုင်ကော်ခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်သန်း၊ ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်၊ မြို့မရဲစခန်းမှ ရဲအုပ်ချစ်ကိုကို နှင့် တပ်ဖွဲ့ဝင်(၅)ဦး၊ မြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ခံနှင့် တပ်ဖွဲ့ဝင် (၁၀)ဦးနှင့် ကျေးရွာသားများက မီးငြိမ်းသတ် ယာဉ်(၂)စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် လူနှင့်တရိစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။
မီးလောင်မှုကြောင့် ဦးကိုရယ်အောင်(၂၉)နှစ်ကို ဒီးမော့ဆိုမြို့နယ် ရဲစခန်းက အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)