ဒီးမော့ဆို ၁၉ စက်တင်ဘာ
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် တစ်မိုင်နှင့် အထက် ကျောင်းတက်နေရသော အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူ ၅၄၀ ဦးအတွက် Lesswalk.org မှ စက်ဘီး အစီး ၅၄၀ အား စက်တင်ဘာ ၂၂ ရက်တွင် လာရောက် ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့သို့ ပေးအပ်ရာတွင် Lesswalk.org နှင့် ဝေါလ်ဗီရှင်-မြန်မာတို့ ပူးပေါင်းပြီး ဒီးမော့ဆိုမြို့နယ်ရှိ ဝမ့်လထွား၊ ဟန်သောခူ၊ အို့ခူးရီ၊ ခေါက်ပလော့၊ ညောင်ကုန်း၊ ဒေါကမီး၊ ဒေါခလိုက်လင်း၊ ဒေါခူလီ၊ ဒေါတဒါး၊ ဒေါပိုးစီ၊ ဒေါဗျာကူး၊ အောင်ချမ်းသာ၊ အောင်သပြေ၊ ဒေါဘူးငံရယ်၊ ဘက်တလိန်နှင့် ဆီးလီဒုန်းကျေးရွာစသော ကျေးရွာ ၁၆ ရွာမှ ကျောင်းတက်ရာတွင် အခက်အခဲဖြစ်နေသော အလယ်တန်း၊ အထက်တန်းကျောင်းသားကျောင်းသူ ၅၄၀ ဦးအား ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


