ဒီးမော့ဆို  ၂၅ မတ်
    

ဒီးမော့ဆိုမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများ တီဘီရောဂါ ရှိ မရှိ ရှာဖွေကုသပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ငွေတောင်ကျေးရွာ အောင်မင်္ဂလာ ခန်းမဆောင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဒီးမော့ဆိုမြို့နယ်တွင် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထီးဖိုးကလိုး ကျေးလက် ကျန်မားရေးဌာန လက်အောက်ရှိ ထီးဖိုးကလိုး၊ ငွေတောင်၊ စံပြ(၆)မိုင်နှင့် ဒေါကလော်ဒူ ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား တီဘီရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ သလိပ်စစ်ခြင်း လိုအပ်သော ဆေးဝါးကုသမှု ခံယူနိုင်ရန် ဆောင်ရွက်ပေးပြီး အခြားရောဂါ ရှိ မရှိ၊ HIV ရှိ မရှိ၊ ဆီချိုသွေးချိုနှင့် အနာကြီးရောဂါ ရှိ မရှိတို့ကို စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထို့သို့ ရှာဖွေကုသရာတွင် ပြည်နယ် တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ တီဘီနှင့် အနာကြီးရောဂါဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ လဲ့ညိုဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ စိုးမင်းထွေးနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရီရယ်(ဒီးမော့ဆို)