ဒီးမော့ဆို ၊ ၁၄ ဒီဇင်ဘာ           

 

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာရှိ လယ်ယာမြေများတွင် တောင်သူများ စိုက်ပျိုးထားသော သီးနှံများ လွယ်ကူလျင်မြန်စွာ သယ်ယူနိုင်ရန်အတွက် ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု၊ ပြည်နယ်နှင့် မွမ်းမံရန်ပုံငွေများဖြင့် လယ်ယာကုန်ထုတ်လမ်း ခုနစ်လမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ယခုနှစ် ဒီးမော့ဆိုမြို့နယ်တွင် လယ်ယာကုန်ထုတ်လမ်း ခုနစ်လမ်း ဆောင်ရွက်ခွင့်ရရှိပြီး ပြည်ထောင်စုရန်ပုံငွေဖြင့် သုံးလမ်း၊ ပြည်နယ်ရန်ပုံငွေဖြင့် သုံးလမ်း၊ မွမ်းမံရန်ပုံငွေဖြင့် တစ်လမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ လယ်ယာကုန်ထုတ်လမ်းများမှာ ပြည်ထောင်စုရန်ပုံငွေဖြင့်  သေးဆူလဲကျေးရွာတွင် (ရန်ပုံငွေကျပ် ၇၈ ဒသမ ၈၃၈ သန်း) ကုန်ထုတ်လမ်းအရှည် ၁ မိုင် ၆ ဒသမ ၀၂ ဖာလုံနှင့် တံတား ၇ စင်း၊ ဒေါဆီးအီကျေးရွာတွင် (ရန်ပုံငွေကျပ် ၅၂ ဒသမ ၃၅ သန်း) ကုန်ထုတ်လမ်းအရှည် ၆ ဒသမ ၆၇ ဖာလုံနှင့် တံတား ၅ စင်း၊ ဆော်ပထန်ကျေးရွာတွင် (ရန်ပုံငွေကျပ် ၁၅၇ ဒသမ ၀၇ သန်း) ကုန်ထုတ်လမ်းအရှည် ၂ မိုင် ၄ ဒသမ ၉၁ ဖာလုံနှင့် တံတား ၄ စင်းကို ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ထို့ပြင် ပြည်နယ်ရန်ပုံငွေဖြင့် ဒေါတဒါးကျေးရွာတွင် (ရန်ပုံငွေကျပ် ၆၃ ဒသမ ၈၁ သန်း) ကုန်ထုတ်လမ်းအရှည် ၁ မိုင် ၃ ဒသမ ၈ ဖာလုံနှင့် တံတား ၄ စင်း၊ ဝါဘန်းပလို့ကျေးရွာတွင် (ရန်ပုံငွေကျပ် ၄၀ ဒသမ ၂ သန်း) ကုန်ထုတ်လမ်းအရှည် ၇ ဒသမ ၈၀၃ ဖာလုံနှင့် တံတား ၂ စင်း၊ ဒေါရောက်ခူကျေးရွာတွင် (ရန်ပုံငွေကျပ် ၁၂၄ ဒသမ ၄၆ သန်း) ကုန်ထုတ်လမ်းအရှည် ၂ မိုင်နှင့် တံတား ၃ စင်း၊ မွမ်းမံရန်ပုံငွေကျပ် ၁၇ ဒသမ ၇၂ သန်းဖြင့် ငံရိုးကျေးရွာတွင် ကုန်ထုတ်လမ်းအရှည် ၃ ဒသမ ၆၄ ဖာလုံနှင့် တံတားတစ်စင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

ရီရယ်(ဒီးမော့ဆို)