ကျူးကျော်စစ်ပွဲများမှ အတိတ်သမိုင်း သင်ခန်းစာများ ( ၆ ) 

 

မြင့်မြတ် - ရေးသားသည်

အတိတ်ဆိုတာပြန်သွားလို့တော့မရပေမယ့် ထားခဲ့လို့ရတဲ့ အရာတစ်ခုတော့ မဟုတ်ပြန်ပါဘူး။  အတိတ်ဆိုတာ သင်ခန်းစာယူနိုင်ရမယ့်အရာသာဖြစ်တယ်။   သင်ခန်းစာယူပြီး ပစ္စုပ္ပန်မှာ အကောင်းဆုံးဖြစ်အောင်လုပ်ရမယ်။  အနာဂတ်အတွက် မျှော်လင့်ပြီး ပြင်ဆင်ရမယ်လို့ ဆိုလိုပါတယ်။
အတိတ်က နိုင်ငံတကာ ဒီမိုကရေစီနဲ့  လူ့အခွင့် အရေးသမိုင်းဖြစ်စဉ်အချို့မှာ  ယနေ့ခေတ်လူငယ် တွေ   မျက်စိလည်၊   နားလည်ရခက်တဲ့  ဖြစ်ရပ်တွေ ရှိနိုင်ပါတယ်။  လူ့အခွင့်အရေးအားပေး၊  လစ်ဘရယ် အားသန်တဲ့   ဒီမိုကရေစီနိုင်ငံကြီးအချို့က   သူတို့ ကိုယ်တိုင် ပြည်သူ့ဆန္ဒနဲ့အညီ အုပ်ချုပ်နေတဲ့ ဒီမို ကရေစီနိုင်ငံတွေကို  ဝင်ရောက်စွက်ဖက်ပြီး   သူတို့ မကြိုက်၊ ဩဇာမခံတဲ့ ဒီမိုကရေစီအရပ်သားအစိုးရကို ဖြုတ်ချ၊ နောက်ကွယ်က  သူတို့တင်ပေးပြီး သူတို့ အကျိုးလိုလားတဲ့       အာဏာသိမ်းစစ်တပ်ကို ထောက်ခံ၊ အသုံးတော်ခံ   စစ်အာဏာရှင်တွေကို သက်ဆိုးရှည်အောင် အထောက်အပံ့ပြု၊ အမျိုးမျိုး ဝင်ရောက်ခြယ်လှယ်ခဲ့ကြပြီးမှ  ခေတ်သစ်ကိုလိုနီ တစ်ပိုင်း လက်အောက်ခံဖြစ်အောင် လုပ်ခဲ့ကြတဲ့ သမိုင်းသာဓကတွေများစွာရှိခဲ့တယ်ဆိုရင်... 
ဒီနိုင်ငံကြီးတွေကသာ အချို့နိုင်ငံတွေကို တရား မဝင် စစ်အစိုးရ   ဘာညာစွပ်စွဲနေတာ၊   သူတို့ ကိုယ်တိုင်ရော  ဒီမိုကရေစီကိုဖျက်ဆီးပြီး  စစ်ဘက်က အာဏာသိမ်းပြီးမှ အာဏာရှင်အစိုးရဖြစ်အောင် လုပ်ခဲ့ကြတဲ့  သမိုင်းဖြစ်ရပ်တွေ   ဘာကြောင့်ရှိခဲ့ပါ သလဲ။  

ဒုတိယကမ္ဘာစစ်အပြီး ကွန်မြူနစ်နဲ့အရင်းရှင်
အားပြိုင်မှု၏ သက်ရောက်မှု 

ကမ္ဘာ့သမိုင်းမှာ  ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံ များစွာမှာ   လက်ဝဲယိမ်းအစိုးရတွေ   တက်လာတဲ့ အချိန်မှာ  စီအိုင်အေတို့ရဲ့ ဌာနေနိုင်ငံစစ်တပ်ကြီးနဲ့ စီအိုင်အေရဲ့ စစ်ရေးနဲ့   အဖျက်အမှောင့် ဝင်ရောက် စွက်ဖက်မှုတွေဟာ  ပိုပြီးကြီးမားကျယ်ပြန့်ခဲ့တယ် လို့ ဆိုရပါလိမ့်မယ်။ ဒီလိုစွက်ဖက်မှုတွေဟာ ကမ္ဘာ မှာ ကွန်မြူနစ်ခေါင်းဆောင် အရှေ့အုပ်စု ဆိုဗီယက် နဲ့ အမေရိကန်ဦးဆောင်တဲ့  အရင်းရှင်အနောက်အုပ်စု နိုင်ငံတွေ  အားပြိုင်ရင်ဆိုင်ရာကနေ  ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေပါပဲ။ စီအိုင်အေတို့ရဲ့   နိုင်ငံကြီး အနေနဲ့   ကမ္ဘာမှာ   ကွန်မြူနစ်ဩဇာမလွှမ်းနိုင်ရေး မိမိရဲ့ လက်တံကို ဆန့်ထုတ် စစ်ဘက်အာဏာသိမ်း မှုတွေဖြစ်အောင်      အားပေးအားမြှောက်ပြုပြီး ဗိုလ်ကျစိုးမိုး   ဩဇာအာဏာပေးပြီး      ကွန်မြူနစ် ဆန့်ကျင်တဲ့ လက်ဝေခံအာဏာရှင်အစိုးရတွေဖြစ် အောင်  မြှောက်ပင့်သိမ်း သွင်းလုပ်ခဲ့တဲ့နေရာမှာတော့ ကွန်မြူနစ်တစ္ဆေခြောက်ခံနေရတဲ့ ဒီလိုနိုင်ငံကြီးကို ဘယ်လိုနိုင်ငံကမှ မီမယ်မထင်ပါဘူး။ 

ဂွါတီမာလာအဖြစ်အပျက် 

ဗဟိုအမေရိကတိုက်က     ဂွါတီမာလာဆိုတဲ့ နိုင်ငံလေးတစ်ခုရဲ့ဖြစ်အင်ကိုပဲ   လေ့လာကြည့်ရ အောင်ပါ။ ဂွါတီမာလာမှာ ၁၉၅၃ ခုနှစ်အထိတော့ ဂျာကိုဗိုအားဘန့်စ် ဦးဆောင်တဲ့ လက်ဝဲယိမ်းအရပ် သား  ဒီမိုကရက်တစ်အစိုးရတစ်ရပ်က   နိုင်ငံကို တည်တည်ငြိမ်ငြိမ်နဲ့    ဦးဆောင်အုပ်ချုပ်နေခဲ့ပါ တယ်။ ဒါပေမယ့် နိုင်ငံစီးပွားရေးကို စိတ်တိုင်းကျ ခြယ်လှယ်နေတဲ့ ယူအက်စ်နိုင်ငံစုံ Fruit ကုမ္ပဏီ ကြီးရဲ့ မြေယာတွေကို နိုင်ငံပိုင်ပြုလုပ်ပြီး မြေမဲ့ယာမဲ့ ဖြစ်နေတဲ့  ဆင်းရဲသားနိုင်ငံသားတွေကို   ခွဲဝေပေး မယ့်  အားဘန့်စ်အစိုးရရဲ့ အစီအစဉ်ဟာ အမေရိကန် အရင်းရှင်တွေရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်သွားတဲ့ အခါ ဂွါတီမာလာအစိုးရဟာ စီအိုင်အေက ပံ့ပိုးထား တဲ့   ကြေးစားတပ်တွေရဲ့    ဝင်ရောက် တိုက်ခိုက်တာ ကို  ရင်ဆိုင်ခဲ့ရပါတယ်။  ကျူးကျော် တိုက်ခိုက်မှု  မအောင်မြင်တဲ့အခါမှာ       စီအိုင်အေရဲ့ အဖျက် အမှောင့်နှောင့်ယှက်မှုတွေကို    ဆက်တိုက်ခံရတော့ တာပါပဲ။ 
သမ္မတအားဘန့်စ်ကို ဂွါတီမာလာစစ်တပ်က မဖြုတ်ချဘူးဆိုရင်  ဒီမိုကရေစီ  အားပေးစစ်တပ် ကြီးအနေနဲ့    ဝင်ရောက်တိုက်ခိုက်ရလိမ့်မယ်လို့ ဖိအားပေးလာတဲ့အခါ ဂွါတီမာလာစစ်တပ်ကလည်း သမ္မတကို အတင်းအကျပ်ဖြုတ်ချပြီး အာဏာသိမ်း ရပါတော့တယ်။  သမ္မတခမျာ  အိမ်နီးချင်းမက္ကဆီကို နိုင်ငံဆီ ထွက်ပြေးရပြီး  အဲဒီနိုင်ငံမှာပဲ  နိုင်ငံရေး ခိုလှုံခွင့် ရယူလိုက်ရပါတော့တယ်။  ဂွါတီမာလာ လည်း ဒီမိုကရေစီနိုင်ငံကြီးရဲ့ ထောက်ခံမှုနဲ့အတူ စစ်တပ်အာဏာသိမ်းခံရပြီး နောင်နှစ်ပေါင်း ၄၀ အထိ ဒီမိုကရေစီ အမည်ခံ ပံ့ပိုးထားတဲ့အာဏာရှင် စနစ်အောက်မှာ ဂွါတီမာလာပြည်သူတွေခမျာ ၃၆ နှစ်ကြာပြည်တွင်းစစ်နဲ့အတူ    ဆိုးရွားစွာ   ရုန်းကန် ခဲ့ကြရပါတယ်။    ဘယ်လောက်တောင် ဆိုးရွားခဲ့ သလဲဆိုရင်   စီအိုင်အေကပံ့ပိုးထားတဲ့  အာဏာရှင် အစိုးရနဲ့ ဂွါတီမာလာ စစ်တပ်ကြောင့်    အစုလိုက် အပြုံလိုက်   သတ်ဖြတ်မှုတွေ၊      လုပ်ကြံသတ်ဖြတ် ခံရမှုတွေ၊   လိင်ပိုင်းဆိုင်ရာ    အဓမ္မကျူးလွန်မှုတွေနဲ့ အတင်းအကျပ်ရွှေ့ပြောင်းခံရမှုတွေဟာ ရာထောင် မကရှိခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ 

ဖြုတ်ချခံလက်ဝဲယိမ်းလက်တင်အမေရိကနိုင်ငံအချို့ 

ဒုတိယကမ္ဘာစစ်အပြီး ဗဟိုလက်တင်အမေရိက နိုင်ငံငယ်တွေမှာ လက်ဝဲယိမ်း အစိုးရတွေ  ပိုအား ကောင်းခဲ့တယ်လို့ ဆိုရမယ်။  ဒါကလည်း  ပြည်သူ အကြိုက် ပြည်သူ့အမြင်ကို ထင်ဟပ်ခြင်းပဲ ဖြစ်ပါ တယ်။ ကိုလိုနီစနစ်ဆိုးအောက်က လွတ်မြောက်ခါစ နိုင်ငံတွေက  ပြည်သူအများစုဟာ    ကိုလိုနီကျွန်ပြု နယ်ချဲ့အရင်းရှင်တွေကို  စိတ်ကုန်ရွံ့မုန်းနေကြပြီ ဆိုရင် ဒီအချက်ကို လွန်တယ်လို့ ယူဆလို့မရပါဘူး။ 

တကယ်လည်း အဲဒီအချိန်အဲဒီကာလမှာ   ကွန်မြူနစ် လက်ဝဲဆိုရှယ်လစ်တွေ   ကမ္ဘာမှာ   အားကောင်း ခဲ့တာပါ။ လက်တင်အမေရိကမှာ စီအိုင်အေ မွှေချက် ကတော့အများကြီးပါပဲ။ ၁၉၆၀-၇၀ ပြည့်လွန်နှစ် တွေမှာ ဘရာဇီး၊ ဒိုမီနီကန်သမ္မတနိုင်ငံနဲ့ ချီလီနိုင်ငံ တို့မှ  လက်ဝဲယိမ်းအစိုးရများကို  ဒီမိုကရေစီနိုင်ငံ ကြီးရဲ့   စီအိုင်အေက  ဝင်ရောက်စွက်ဖက်ဖြုတ်ချ ပစ်ခဲ့ပါတဲ့သာဓကတွေ များစွာရှိခဲ့ပါတယ်။ 

ချီလီကိုကြည့်ရအောင်ပါ၊  ချီလီသမ္မတ အာလန် ဒေးအစိုးရဟာ မီလီယံနဲ့ချီတဲ့   စီအိုင်အေ ဒေါ်လာ တွေနဲ့ လွှမ်းခြုံထားတဲ့ ဆန္ဒပြလူလှိုင်းကြီးအောက်မှာ ပြုတ်ကျသွားခဲ့ရပါတယ်။    စီအိုင်အေအထောက် အပံ့ခံ  ချီလီစစ်တပ်ဟာ    အာလန်ဒေးအစိုးရကို ဖယ်ရှားပြီး    အစိုးရခေါင်းဆောင်တွေကို      လုပ်ကြံ သတ်ဖြတ်၊    အာလန်ဒေး    ထောက်ခံသူတွေကို ရက်ရက်စက်စက်သတ်ပစ်ခဲ့ကြပါတယ်။ ချီလီနိုင်ငံ ဥပမာဟာ  ကမ္ဘာမှာ   တုန်လှုပ်ချောက်ချားစရာ စွက်ဖက်မှုကြီးတစ်ခုအဖြစ် သမိုင်းတွင်ပြောစမှတ် ဖြစ်ခဲ့ပါတယ်။ 

ဘိုလစ်ဗီးယားဥပမာတစ်ခု 

လောလောလတ်လတ်    ဆယ်စုနှစ်တစ်စု အလွန်ကာလလေးမှာတင်  စီအိုင်အေ  အကူအညီ နဲ့အတူ    ပြိုင်ဘက်နိုင်ငံရေးသမားတွေရဲ့ ဖြုတ်ချခံ ဘိုလစ်ဗီးယားနိုင်ငံက         ဆိုရှယ်လစ်ပြုပြင် ပြောင်းလဲရေးသမားသမ္မတ   အီဗိုမိုရေးလ်အကြောင်း တင်ပြချင်ပါတယ်။ 
သူဟာ    ၂၀၀၆ ခုနှစ်ကနေ ၂၀၁၉   အထိ ပြည်သူ့အကြိုက် သမ္မတတစ်ဦးဖြစ်ခဲ့တယ်။  ၂၀၁၉ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့်   သူ့ရဲ့ ရလဒ်ဟာ ငြင်းပယ်ခြင်းခံခဲ့ရပြီး  နောက်တစ်ကြိမ်  ပြန်လုပ်မယ့် ရွေးကောက်ပွဲမှာ  ဝင်ပြိုင်ခွင့်တောင် မရတော့ဘဲ   အာဂျင်တီးနားနိုင်ငံကို   ထွက်ပြေးခိုလှုံ ခဲ့ရတဲ့   အခြေ အနေအထိ    ရောက်ခဲ့သူပါ။    အဓိက လက်သည်ကတော့ စီအိုင်အေပါပဲ။ 

ဘာကြောင့်လဲဆိုရင်     မိမိနိုင်ငံရဲ့ဆင်းရဲသားပြည်သူတွေအတွက်   ပြုပြင်ပြောင်းလဲရေးတွေ များစွာ ပြုလုပ်ခဲ့သူ၊ နိမ့်ပါးသူတွေအတွက် မြေယာ ပြုပြင်ရေး၊ သဘာဝဓာတ်ငွေ့သယံဇာတက   ရတဲ့ ငွေကြေးကို ပြည်သူပြည်သားအားလုံးအတွက် အညီ အမျှ ခွဲဝေပေးဖို့ စဉ်းစားပေးခဲ့သူ၊ ပြည်သူအကြိုက် ခေါင်းဆောင်ဖြစ်ခဲ့ပေမယ့် အရင်းရှင် အကျိုးစီးပွား ကိုဆန့်ကျင်ရင်၊ တရုတ်၊ ရုရှားဘက်ယိမ်းပြီး ဆိုရှယ် လစ်နဲ့   အမျိုးသားရေးဘက်   တိမ်းညွတ်လာရင် စီအိုင်အေနိုင်ငံကြီးရဲ့   အမြင်စောင်းတာ   ခံရနိုင်ပြီး ပညာပေးခြင်း   ခံရနိုင်တယ်ဆိုတဲ့   ဤအချက်ကို သင်ခန်းစာယူလို့  ရခဲ့ပါတယ်။ 

အာရှက တောင်ကိုရီးယား၊  အင်ဒိုနီးရှားနဲ့  အီရန် ဥပမာများ


ဒုတိယကမ္ဘာစစ်ပြီးစ ယခုအာရှမှာ    အမေရိကန် ရဲ့အဓိကမဟာမိတ်ဖြစ်နေတဲ့     တောင်ကိုရီးယား ဖြစ်စဉ်ကိုလည်း  ကြည့်ကြရအောင်ပါ။  ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီး    တောင်ကိုရီးယားနိုင်ငံမှာ စီအိုင်အေနိုင်ငံကြီးက   ထောက်ခံတဲ့အာဏာရှင် ဆမ် ဂျန်ဟီးဟာဆိုရင်   ၁၉၄၈ ခုနှစ်ကနေ    အဲဒီ နိုင်ငံကြီးအကူအညီနဲ့   ပြည်သူတွေကို   နှိပ်ကွပ် အုပ်ချုပ်ခဲ့တာ   ၁၉၆၀   ပြည့်နှစ်အထိပါပဲ။   သူ့ လက်ထက်မှာ  အစုလိုက်အပြုံလိုက်   လူသတ်ပွဲတွေ ဖြစ်ခဲ့တာ   မွန်ဂျောင်နဲ့   ဘိုဒိုလူသတ်ပွဲတွေဆိုတာ ထင်ရှားတာပေါ့။ အနည်းဆုံး ကွန်မြူနစ်သံသယနဲ့ လူပေါင်းတစ်သိန်းလောက်အထိ အသတ်ခံခဲ့ကြရပြီး နောက်ဆုံးမှာ     ပြည်သူတွေက    ဆန့်ကျင်ကြလို့ စီအိုင်အေ အကူအညီနဲ့ နိုင်ငံကထွက်ပြေးခဲ့ရတဲ့ အထိပါပဲ။  သူ့ကို  ထိုနိုင်ငံကြီးက  နောက်ဆုံးအကြိမ် အထိ အကူအညီပေးခဲ့တာကို တွေ့ရပါတယ်။

နောက်ထပ်အာရှက အဖြစ်အပျက်တစ်ခုက လည်း   ဒီလိုပါပဲ။   ၁၉၆၅ ခု အရှေ့တောင် အာရှ အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုပါ။ သမ္မတဆူကာနို အုပ်ချုပ်စဉ်ကာလကပေါ့။  စီအိုင် အေဘက်ကကြည့်ရင်   ဆူကာနိုဟာ   တရုတ်နိုင်ငံ ဘက်ကို ယိမ်းနေပြီး   အင်ဒိုနီးရှားဟာ   ကွန်မြူနစ် ဖြစ်တော့မယ့်  အလားအလာတွေကို  မြင်နေရတယ် လို့ဆိုပါတယ်။ လုပ်ဆောင်ချက်ကတော့ စီအိုင်အေပါဝင်ပတ်သက်မှုနဲ့အတူ  ဆူကာနိုအစိုးရ အာဏာ သိမ်းခြင်းခံလိုက်ရတာပါပဲ။   အတော်ကို    ဆိုးဆိုး ရွားရွားဖြစ်ခဲ့တာပါ။ ဆူကာနိုကို    ထောက်ခံတဲ့ လူပေါင်းတစ်သန်းခန့်အထိ    အသတ်ခံလိုက်ရပါ တယ်။ အာဏာမသိမ်းမီကတည်းက စီအိုင်အေဟာ အင်ဒိုစစ်တပ်ထံ    သုတ်သင်ပစ်ရမယ့်စာရင်း    ပို့ပြီး သား ဖြစ်ပါတယ်။ 

အခြားနိုင်ငံတွေနဲ့မတူတဲ့အချက်က    အင်ဒို စစ်တပ်နဲ့   အကြီးအကဲ   ဗိုလ်ချုပ်ကြီး ဆူဟာတို ခေါင်းဆောင်မှုအောက်မှာ ပြည်သူတွေရဲ့စည်းလုံးညီညွတ်မှုနဲ့ပညာရည်ပြည့်ဝမှုကြောင့် ယနေ့ခေတ် အင်ဒိုနီးရှားနိုင်ငံကြီးကိုတော့        အာရှကျား တစ်ကောင်အဖြစ်     တင်စားလို့    ရနေပါတယ်။ ဒါကလည်း သင်ခန်း စာယူစရာတစ်ခု ဖြစ်ခဲ့ပါတယ်။

အနောက်အာရှ၊ အရှေ့အလယ်ပိုင်းက အီရန်မှာ လည်း ဒီလိုပါပဲ၊၊ ၁၉၅၃ ခုနှစ်တွင် အီရန်မှာ   ပြည်သူ အကြိုက်ပြုပြင်ပြောင်းလဲရေးလိုလားတဲ့    မိုဟာ မက်မိုဆာဒက်ရဲ့ အစိုးရတစ်ရပ်ဟာ  စီအိုင်အေတို့ရဲ့ နိုင်ငံကြီးက အားပေးထောက်ခံကူညီမှုနဲ့    အီရန် စစ်တပ်ရဲ့    အာဏာသိမ်းတာ   ခံခဲ့ရဖူးပါတယ်။ အင်္ဂလိပ်တွေပိုင်တဲ့     အင်ဂလိုအီရန်နီယန်     ရေနံ ကုမ္ပဏီကို ထိုအီရန်အစိုးရက နိုင်ငံပိုင်သိမ်းခဲ့တာကို အကြောင်းပြုပြီး စစ်တပ်ကို အာဏာသိမ်းစေခဲ့တာ ပဲဖြစ်ပါတယ်။ နိုင်ငံမှာ အစဉ်အဆက်ကျင့်သုံးခဲ့တဲ့ စည်းမျဉ်းခံဘုရင်စနစ်ကနေ အနောက်ဒီမိုကရေစီနိုင်ငံကြီးရဲ့အထောက်အပံ့ခံ      အာဏာရှင်နိုင်ငံ တစ်နိုင်ငံအဖြစ် ပြောင်းလဲသွားခဲ့တာတော့   ပြော စရာဖြစ်ခဲ့ပါတယ်။   အနောက်အုပ်စုထောက်ခံတဲ့ အာဏာရှင်သက်တမ်းဟာ ၁၉၇၉ ခုနှစ်    အီရန် တော်လှန်ရေးကြီးအထိ  ကြာခဲ့ပါတယ်။ 

ပါဝင်ပတ်သက်မှုပေါင်းများစွာနဲ့အတူ 
ဒုက္ခနွံတောက ကမ္ဘာ့ပြည်သူတွေ 

တင်ပြပါ အချက်အလက်တွေဟာ အနည်းငယ် သာပဲဖြစ်ပါတယ်။ ဖြစ်စဉ်ဖြစ်ရပ်  များစွာကျန်ရှိ ပါသေးတယ်။ လေ့လာချက်တွေအရ  နိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေမှာ မိမိ အလိုကျအစိုးရတက်လာဖို့ စီအိုင်အေက ဝင်ရာက်စွက်ဖက်တာမျိုး အပါအဝင် တပ်ဖွဲ့တွေစေလွှတ်ပြီး  အဓမ္မကျူးကျော်တိုက်ခိုက် တာအဆုံး ၁၉၄၆ ကနေ ၂၀၁၂ ခုနှစ် ဆီရီးယား ပြည်တွင်းစစ်အထိ ပါဝင်ပတ်သက်မှုပေါင်း ၈၉ ခု အထိ ရှိခဲ့ကြောင်း သိရပါတယ်။ 
မသိမသာပဲဖြစ်ဖြစ်၊    သိသိသာသာပဲ  ဖြစ်ဖြစ် တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး နိုင်ငံခြားတိုင်း ပြည်တွေအပေါ်မှာ ကွန်မြူနစ်လက်ဝဲဆန့်ကျင်တဲ့ နိုင်ငံကြီးရဲ့ ပါဝင်စွက်ဖက်မှုကို ကြည့်ရင်  ရှေ့တန်း ကျကျ ထိုနိုင်ငံကြီးရဲ့စစ်တပ်တွေ ပါဝင်တိုက်ခိုက်မှု နဲ့အတူ   နောက်ကွယ်က  စီအိုင်အေလက်ချက် မကင်းတဲ့ အဖျက်အမှောင့်     လက္ခဏာများစွာကို လည်း တွေ့မြင်ရပါလိမ့်မယ်။ 

ထိုထိုနိုင်ငံကြီးတွေက ဒီမိုကရေစီရေး၊ လူ့အခွင့် အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို စံနှုန်း အမျိုးမျိုးနဲ့   ရှေ့တန်းတင်  ပြသတတ်ပါတယ်၊၊ စစ်ကို မလိုလားဘူး၊       အဏုမြူမလိုလားဘူး၊   ငြိမ်းချမ်းရေးသာ    အဓိကဖြစ်တယ်လို့ပြောပြီး      တစ်ကမ္ဘာလုံး   မြေပြင်    ဝေဟင်    ရေပြင်အနှံ့ စစ်အင်အား ပမာဏအကြီးဆုံး ဖြန့်ကြက်စိုးမိုးထားတဲ့နိုင်ငံဆိုလို့ တစ်နိုင်ငံပဲ ရှိပါတယ်။   သဘာဝ ဘေးအန္တရာယ်   ကာကွယ်ရေးနဲ့    လူသား လုံခြုံရေး အကြောင်းပြ၊     စီးပွားရေးနဲ့   ကုန်သွယ်ရေး အကြောင်းပြပြီး     ဖွံ့ဖြိုးရေးကို         ရှေ့တန်း တင်သလိုလိုနဲ့    ဟန်ဆောင်တတ်ကြပါတယ်။    မတူကွဲပြားမှုနဲ့   တရားမျှတမှုကို   ရောချတယ်၊   အကြောင်းပြချက်   အများကြီးနဲ့   မလိုချင်ရင် အာဏာရှင်၊  လိုချင်တော့ ဒီမိုကရေစီ   သတ်မှတ်၊ ဆင်းရဲမှုတိုက်ဖျက်ရင်းကပဲ  စီးပွားရေးပိတ်ဆို့၊ ဆင်းရဲတဲ့နိုင်ငံတွေကို   ဆင်းရဲသထက်     ဆင်းရဲ အောင်လုပ်၊   ကမ္ဘာ့ငြိမ်းချမ်းရေး တွင်တွင်ပြောနေ ပေမယ့်    စစ်အသုံးစရိတ်တိုးပြီး ကမ္ဘာအနှံ့စစ်မြူ၊ စစ်ပွဲဖန်တီး၊  ကိုယ်စားပြုစစ်ပွဲ  ဆင်နွှဲခိုင်းခံရတဲ့     နိုင်ငံတွေမှာ    ဒုက္ခနွံတောက   ရုန်းထွက်မရတော့တဲ့ပြည်သူတွေရဲ့      ရင်နာစရာအဖြစ်တွေ  မကြည့် ချင်၊ မမြင်ချင်ပါဘဲ  တွေ့နေမြင်နေရဆဲဖြစ်ပါတယ်။ 

ကိုယ့်နိုင်ငံနဲ့ကိုယ့်နိုင်ငံသားတွေကိုတော့ စစ်ထဲ မပါအောင်ရှောင်ခိုင်းထားပြီး ကမ္ဘာအနှံ့လှည့်လည် ပြီး   နှိပ်ကွပ်အနိုင်ကျင့်တဲ့ဖြစ်စဉ်တွေကို   အများ အပြား ဖန်တီးလုပ်ဆောင်နေဆဲ    ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးကတည်းက    ကမ္ဘာကြီးကို  လစ်ဘရယ် ပို့ကုန်နဲ့ ကယ်တင်နေတာ ယခုအထိ မပြီးသေးပါဘူး။ ကမ္ဘာ့နေရာအချို့မှာ လစ်ဘရယ် အသွင်းကောင်းလို့  အကြမ်းဖက်စစ်ပွဲတွေနဲ့ မငြိမ်း ချမ်းသေးတာလည်း မမြင်ချင်အဆုံးပဲ ဖြစ်ပါတယ်။

တကယ်တော့   ကမ္ဘာကြီး      မငြိမ်းချမ်းတာ၊ ငြိမ်းချမ်းတာ အင်အားကြီးနိုင်ငံတွေဆီမှာ   အရင်း တည်တာပါပဲ။  သူတို့ဆီကသာ အဓိကအစပြုတာပါ။ ကိုယ့်အကျိုးစီးပွား၊ ကိုယ့်အမျိုးသားစီးပွားအခြေခံ သက်သက်ပဲဆိုတာ   တွေ့မြင်ရပါလိမ့်မယ်။  ဒုတိယ ကမ္ဘာစစ်မတိုင်ခင်ကတည်းက နိုင်ငံငယ်တွေအပေါ် ဗိုလ်ကျစိုးမိုး ခြယ်လှယ်အမြတ်ထုတ်   သွေးစုပ်ခဲ့ ကြတဲ့ဇာတ်လမ်းတွေဟာ    ယခုခေတ်ကာလအထိ လည်း မပြီးသေးပါဘူး။ စစ်အေးကာလအပြီး စစ်နွေး အခြေအနေကနေ   စစ်ပူကာလတစ်ခုကို    ယခု မြင်နေရပြန်ပါပြီ။    သင်ခန်းစာယူတတ်ဖို့၊ ယူနိုင်ဖို့နဲ့ ယူပြီးလက်တွေ့ကျကျ    အသုံးချဖို့ပဲ  လိုပါလိမ့်မယ်။ မသန့်ရှင်းမှုများတဲ့ ဝန်းကျင်မှာ မကောင်းတဲ့ အခြေ အနေတွေကိုတော့ ရင်ဆိုင်နေရဦးမှာ ဖြစ်ပါတယ်။ 


တင်ပြခဲ့တဲ့ အချက်အလက်တွေအရ  သူတို့ဟာ အကောင်းဆုံးစကားလုံးတွေ   ရွတ်ပြနေပေမယ့် သိက္ခာနဲ့ကျင့်ဝတ်ဆိုတာ     ရှာမရအောင်ဖြစ်နေ ပါတယ်ဆိုတာကို  လောလောဆယ်    ကမ္ဘာနဲ့မြန်မာ ဖြစ်စဉ်တွေအရ တွေ့နေရပြီး ကမ္ဘာကလည်း   ပိုပြီး မြင်လာနေတဲ့သဘောတော့ ရှိပါတယ်။ 
ဘာပဲဖြစ်ဖြစ်ပါ၊ ကိုယ့်ပြည်တွင်းအားသည်သာ ကိုယ့်အားကိုးရာပါ။


ကမ္ဘာ့သမိုင်းမှာပြန်ကြည့်ရင်     အချို့နိုင်ငံတွေ ဟာ ဘယ်လိုအန္တရာယ်၊  ဘယ်လို အခက်အခဲပဲ ကြုံကြုံ ထိုနိုင်ငံတွေရဲ့  နိုင်ငံသားအားလုံး၊   ပြည်သူ ပြည်သား အားလုံးဟာ      အရင်းအမြစ်ကောင်းကောင်း နဲ့ စည်းစည်းလုံးလုံးရှိတဲ့အချိန်မှာ၊     ပညာဉာဏ် အမြော်အမြင်ရှိတဲ့   ခေါင်းဆောင်များအောက်မှာ၊ စိတ်ဓာတ်ပိုင်းရော ရုပ်ပိုင်းပါ အင်အားတောင့်တင်း နေမယ်ဆိုရင် ကြီးသည်ငယ်သည်မဟူ    အန္တရာယ် အကျပ်အတည်းမှန်သမျှ ကြံ့ကြံ့ခံ  ရင်ဆိုင်ကျော်လွှား အောင်မြင်ခဲ့ကြသည်သာဖြစ်ကြောင်း     သာဓက များစွာကိုလည်း   တွေ့မြင်နိုင်မှာ    ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။     ။