(၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၁၂) ရက်
အိုင်အိုဒင်းဆားကို နေ့စဉ်ထည့်သွင်းစားသုံးဖို့က ဘာကြောင့်အလွန်အရေးကြီးတာလဲ?
အိုင်အိုဒင်းဓာတ်သည် ခန္ဓာကိုယ်ကြီးထွားစေခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးစေခြင်းတို့အတွက် အရေးပါသော သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်ရာတွင် မရှိမဖြစ်သည့် အဏုအာဟာရဓာတ်တစ်ခုဖြစ်သည်။
• ကိုယ်ဝန်ဆောင်မိခင်များတွင် အိုင်အိုဒင်းဓာတ်ချို့တဲ့ပါက
o သားပျက်/ သားလျှောခြင်း
o ကလေးအသေမွေးခြင်း
o ပေါင်မပြည့်/ လမစေ့ကလေးမွေးဖွားခြင်း
o ဆွံ့အ/ နားမကြားသည့် ကလေးမွေးခြင်း
• ကလေးငယ်များ အိုင်အိုဒင်းချို့တဲ့ပါက
o စံမီကြီးထွားဖွံ့ဖြိုးမှုမရှိဘဲ သေးကွေးပုညှက်ခြင်း
o ဉာဏ်ရည်ဖွံ့ဖြိုးမှုနှေးကွေးပြီး သင်ယူနိုင်စွမ်းကျဆင်းခြင်း
• ကလေး/ လူကြီးမရွေး အိုင်အိုဒင်းချို့တဲ့ပါက
o လည်ပင်းကြီးရောဂါခံစားရခြင်း
o သွက်လက်မှုမရှိဘဲ ထုံထိုင်းနှေးကွေးခြင်းများ ခံစားရနိုင်ပါတယ်။
• ရာသီဥတုပြောင်းလဲမှုနှင့် မြေဆီလွှာတိုက်စားမှုများကြောင့် အိုင်အိုဒင်းဓာတ်ဟာ ပင်လယ်စာတွေမှာ အရင်ကလို ပေါပေါများများ မပါဝင်တော့လို့ အိမ်တိုင်း/ မိသားစုတိုင်း အိုင်အိုဒင်းဆားကို နေ့စဉ်အစားအစာများမှာ ထည့်သွင်းစားသုံးဖို့က အလွန်အရေးကြီးပါတယ်။
• အိုင်အိုဒင်းဓါတ်ချို့တဲ့ပါက တိုင်းပြည်၏အနာဂါတ်ဖြစ်သော ကလေးများတွင် ပုညှက်ခြင်း၊ ဉာဏ်ရည်ချို့တဲ့ခြင်းတို့ဖြစ်ပွားကာ လေ့လာသင်ယူနိုင်စွမ်း၊ ကုန်ထုတ်လုပ်နိုင်စွမ်းကျဆင်းကာ နိုင်ငံတိုးတက် ဖွံဖြိုးခြင်းအားထိခိုက်သည်အထိ အန္တရာယ်ကြီးမားပါသည်။
"ကျန်းမာသန်ထွား ဉာဏ်မြင့်မားဖို့ အိုင်အိုဒင်းဆား နေ့စဉ်စားကြစို့"
#Ministry_of_Health_and_Sports, #MoHS, #Todays_Message, #ဒီနေ့အတွက်သိကောင်းစရာ, #Iodine, #အိုင်အိုဒင်း, #လည်ပင်းကြီးရောဂါ
Credit#ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန